วันจันทร์ที่ 2 มีนาคม พ.ศ. 2558

Play Store ကိုမြန်မာနိုင်ငံကနေပြီး ကိုယ်ကြိုက်တဲ့ application ကို ကျော်ခွစရာမလိုပဲ ဒေါင်းလို့ရအောင်လုပ်နည်း


မြန်မာနိုင်ငံကနေပြီး Google Play store ထဲကိုဝင်လိုက်ရင် ဒေါင်းလို့မရတဲ့ application ကခပ်များများ ဖြစ်နေတယ် အဆုံးဆုံးကတော့ လူသုံးများတဲ့ facebook, Clash of clans လိုဂိမ်းတွေတောင် ပေးမဒေါင်းဘူး ဒီလိုမျိုးပြဿနာတွေကို မဖြစ်အောင်
This item is not available in your country
ဆိုတာမျိုးမဖြစ်အောင်လုပ်နည်းပါ..

ပိုက်ပိုက်နဲ့ဝယ်ရတဲ့ application တွေကို ရအောင်ဒေါင်းနည်းမဟုတ်ပါ... ဒီနိုင်ငံအတွက် မဟုတ်ဘူးဆိုတဲ့ ဟာလေးပျောက်အောင် ဖြောက်နည်းပါ။

https://wallet.google.com/manage ကို browser ကနေသွားပါ ။ Play Store တွင် မိမိ အသုံးမည့် gmail ဖြင့် login ဝင်ပါ။

wallet မှာထည့်ပေးရမည့် လိပ်စာရယူဖို့အတွက်.. www.fakenamegenerator.com ကို browser နဲ့ဖွင့်ပါ။
Gender မှာ male/female ရွေးပြီး Generate လုပ်ပါ.. အောက်ကပုံကိုကြည့်..
အပေါ်က generate လုပ်ထားတဲ့ zip code ကို copy ကူးထည့်ပါ zip code ဆိုတာက Lubock, TX ဘေးက 79401 ကိုပြောတာပါ။ ပြီးရင် add a payment method later ကို marking လုပ်ပါ။
Send me Google Wallet ..... ကို marking ပေး ။
Accept and create ကိုနှိပ်..

အဲဒီလို အထဲရောက်သွားရင် setting ကိုနှိပ် ပုံမှာပြထားပါတယ်...



Edit ကိုနှိပ်


အပေါ်က generate လုပ်ထားတဲ့ address တွေကို ကူးထည့်ပါ ပုံမှာပြထားတဲ့ အတိုင်းပဲ တစ်ကယ်လို့ generate မလုပ်ချင်ဘူးဆိုရင် ဒီအတိုင်းသာကူးချလိုက်တော့ ဖုန်းနံပါတ်တော့ ပြောင်းထည့်ပါ။


ဒီလိုပေါ်လာရင်ပြီးပါပြီ။

နောက်တစ်ဆင့်အတွက်ကတော့ ဖုန်းထဲကနေသွားရမှာပါ။
ဖုန်းထဲမှာ Google play store နဲ့ Google play services ကို Clear data လုပ်ပါ။
Setting/manage app/ အထဲမှာရှိတယ်
google account ကို လဲ remove လုပ်ထားပါ။

ဒီ application လေးတော့ အရင်ဒေါင်းပြီးဖုန်းထဲထည့်ထားပါ။

hotspot Shield ကိုအရင်ဖွင့်ပြီး ကျော်ပါ status bar မှာ သော့ ပုံလေးနဲ့ စိမ်းနေပြီဆိုရင် gmail account ကိုထည့် ပြီရင် play store ကိုဖွင့်

အဲလိုပေါ်နေပါတယ် ဒါက နိုင်ငံကျော်ပြီးဖွင့်ထားတဲ့ ပုံပါ။ အောက်ကပုံကိုကြည့်
ဒီပုံက hotspot shield ပြန်ပိတ်ပြီးဖွင့်ထားတာ ဒါဆိုရင် အားလုံးအိုကေပါပြီ... နောက်တစ်ခေါက်တွေဆိုရင် internet ဖွင့်ပြီး playstore ကိုတန်းဖွင့်သုံးယုံပါပဲ... အဆင်ပြေကြပါစေ





နေသူရိန်(နည်းပညာ)


Credit : Thazin Ko Ko

ไม่มีความคิดเห็น:

แสดงความคิดเห็น