วันอาทิตย์ที่ 1 มีนาคม พ.ศ. 2558

ဒေါ်အောင်ဆန်း စုကြည် ဟင်္သာတ ခရီးစဉ် မိန့်ခွန်း ကောက်နုတ် ချက်များ


Bookmark and Share [ ]



ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ အေးမြ သာယာ ရပ်ကွက်ရှိ ခရိုင် အားကစား ကွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြော ကြားပြီး လူထု သောင်းချီ တက်ရောက် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဟင်္သာတ ခရီးစဉ် မိန်ခွန်း ကောက်နုတ်ချက် တွေကို စုစည်း တင်ပြ ထားပါတယ်။

တချို့တွေက ကတိပေးတာ သိပ်လွယ်တာပဲ

“ပြည်သူ လူထုရဲ့ အင်အားကို မသုံးနိုင်လို ရှိရင် ပြည်သူ လူထုရဲ့ အင်အားက ကိုယ့်ဘက်မှာ မရှိ လိုရှိရင် နိုင်ငံ အတွက် ထိရောက် ပြီးတော့ တန်ဖိုး ရှိတဲ့ အလုပ်တွေကို ဘယ်တော့မှ အောင်မြင်အောင် လုပ်ပေးလို့ မရပါဘူး။ ဖေဖေ ကတော့ ဒီလို ကတိတွေ ပြောခဲ ပါတယ်။ တချို့တွေ ကတော့ ကတိပေးတာ သိပ်လွယ်တာပဲ။ ဟိုဟာ လုပ်ပေးမယ်။ ဒီဟာ လုပ်ပေးမယ် လုပ်ပေး လားတော့ မသိဘူး။ ပြည်သူတွေ ကတော့ အသိဆုံး ပဲပေါ့နော်။ နောက် တခုလည်း ကျမ သတိတော့ ပေးရမယ်။ ဘယ် အစိုးရ မဆိုပေါ့နော်။ အခု အစိုးရပဲ ဖြစ်ဖြစ်၊ အရင် အစိုးရပဲ ဖြစ်ဖြစ်၊ နောက် တက်မယ့် အစိုးရပဲ ဖြစ်ဖြစ် အစိုးရတွေ ကနေပြီးတော့ ပြည်သူ လူထုကို ဟိုဟာ လုပ်ပေး ပါမယ်၊ ဒီဟာ လုပ်ပေး ပါမယ် ဒါမှ မဟုတ် တို့ ဒါလုပ် ပေးတယ် ပြောလို့ ရှိရင် ဒါဘယ်သူ့ ပိုက်ဆံနဲ့ လုပ်တာလဲ၊ ပြည်သူ ပိုက်ဆံနဲ့ပဲ လုပ်တယ် ဆိုတာ နားလည် ကြပါ။”

ပြည်သူ့ ဘ၀ အဆင်ပြေအောင် လုပ်ပေးရမှာ အစိုးရ တာဝန်ပဲ

“ပြည်သူ လူထုရဲ့ ဘဝတွေ အဆင် ပြေအောင်လို့ လုပ်ပေး ရမှာ၊ ဒါဟာ အစိုးရများ၊ အစိုးရ ဝန်ထမ်း များရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဲဒီတော့ အစိုးရမှာ တာဝန် ရှိတယ် ဆိုတာလဲ ပြည်သူက ပေးထားလို့ ယူတဲ့ တာဝန်ပဲ ဖြစ်ရမယ်။ ဒါကြောင့် ဖေဖေက ဒီမိုကရေစီ ကို ယုံကြည်တယ်။ ဒီမိုကရေစီ သာလျှင် လွတ်လပ်တဲ့ နိုင်ငံ နဲ့ ဆီလျော် တယ်ဆိုတာ ဒီမိုကရေစီ ရှိမှ ပြည်သူ တွေက လွတ်လပ်မှာ။ ပြည်သူ တွေက မလွတ်လပ် ဘဲနဲ့ နိုင်ငံက လွတ်လပ် တယ် ဆိုလို့ ရှိရင် ဒါက စစ်မှန်တဲ့ လွတ်လပ်ရေး မဟုတ်ဘူး။ ဒီအတိုင်းပဲ ဖေဖေ က မြင်ခဲ့ ပါတယ်။ ကျမ တို့လည်း ဒီအတိုင်းပဲ မြင်ခဲ့ ပါတယ်။ ဒါကြောင့် ဒီမိုကရေစီ ရရှိဖို့ လုပ်တယ် ဆိုတာဟာ ပြည်သူတွေရဲ့ လွတ်လပ် ခွင့်တွေ၊ လုပ်ပိုင် ခွင့်တွေ အပြည့် အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်တဲ့ နေရာမှာ ပြည်သူတွေ ကလည်း တာဝန် သိသိ တာဝန် ရှိရှိနဲ့ လုပ်ဖို့ လိုပါတယ်။”

ပစ္စုပ္ပန်မှာ လုပ်သင့်တာ မလုပ်မိလို့ အများကြီး ဆုံးရှုံးမှု ရနိုင်တယ်

“ပစ္စုပ္ပန်ကို မမြင်ဘဲနဲ့ ဟိုး အနာဂတ် ကိုပဲ မျှော်နေလို့ ရှိရင် ပစ္စုပ္ပန်မှာ လုပ်သင့် လုပ်ထိုက် တာတွေကို မလုပ် မိလို့ အခွင့် အရေးတွေ၊ အကျိုးတွေ အများကြီး ဆုံးရှုံးမှု ရနိုင် ပါတယ်။ ကျမတို့ ပြည်သူ များဟာ ဆင်ဆင် ခြင်ခြင် ၀ီရိယ ရှိရှိနဲ့ ဒီနိုင်ငံ တိုးတက်ရေး အတွက် ဆက်ပြီးတော့ လုပ်သွား ကြပါ။ ကျမ ယုံကြည်တယ်။ ဟင်္သာတ မြို့သူ မြို့သား များဟာ ကျမတို့ နိုင်ငံရဲ့ ရေရှည် ကောင်းကျိုး အတွက် အများကြီး ပံ့ပိုးနိုင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ဟင်္သာတ ဟာဆိုရင် ပြည်သူ တွေ ကြားမှာ ညီညွတ်မှု ရှိတယ်။ လူမျိုးစုံ၊ ဘာသာ ပေါင်းစုံ အားလုံး အေးအေး ချမ်းချမ်း နေနိုင် တယ်။ ဒါဟာ ကျမတို့ နိုင်ငံ အတွက် ကောင်းတဲ့ လက္ခဏာပဲ။ နောက် ပြီးတော့ စောစောက ကျမပြော သလိုပေါ့။ ဟင်္သာတက မြို့သူမြို့သား တွေက သံပြိုင် ဆိုတာ တောင်မှ ညီညီညာညာ ဆိုနိုင်တယ်။ အဲဒီလို ဆိုရင် အလုပ် လုပ်တဲ့ အခါ မှာလည်း ညီညီ ညာညာနဲ့ လုပ်နိုင် မယ်လို့ ကျမ အနေနဲ့ မျှော်လင့် ပါတယ်။”

ဒီမိုကရေစီ ရှိလား၊ မရှိဘူးလား ပြည်သူကပဲ ဆုံးဖြတ်ချက်ပေးနိုင်တယ်

“နိုင်ငံ တနိုင်ငံမှာ ဒီမိုကရေစီ ရှိလား မရှိဘူးလား ဆိုတာကို ဘယ်သူ တွေက ဆုံးဖြတ်ချက် ပေးနိုင်လဲ ဆိုတော့ ပြည် သူတွေ ကပဲ ဆုံးဖြတ်ချက် ပေးနိုင်တယ်။ ကိုယ့်ရဲ့ နိုင်ငံမှာ ကိုယ့်ရဲ့ အခွင့် အရေးတွေကို တကယ်ပဲ ပြည့်ပြည့် ၀၀ အကာ အကွယ်ပေး ထားသလား။ လူတိုင်း လူတိုင်းဟာ ရသင့် ရထိုက်တဲ့ အခွင့် အရေးတွေ ရနေ သလား၊ လူတိုင်း လူတိုင်းဟာ ကိုယ့် နိုင်ငံ အတွက် ကိုယ်လုပ် ပေးချင်တဲ့ အတိုင်း အတာ အထိ ဥပဒေ ဘောင်း အတွင်း ကနေပြီး လုပ်ပေး ပိုင်ခွင့် ရှိရဲ့လား ဆိုတာ ဟာ ပြည်သူ တွေကပဲ စဉ်းစားပြီး ဆုံးဖြတ် ရမှာ ဖြစ်တယ်။” ဒေါ်အောင်ဆန်း စုကြည် ဖေဖော်ဝါရီ ၂၈ ဇလွန် လူထု တွေ့ဆုံပွဲ မိန့်ခွန်း ကောက်နုတ်ချက်

ပြည့်ဖြိုး CJ

ဒေါ်အောင်ဆန်းစုကြည် ဟင်္သာတွင် မိန့်ခွန်းပြောကြားစဉ်




DVB by ဒီဗွီဘီ
http://burmese.dvb.no/archives/83686

နေသူရိန်(နည်းပညာ)

ไม่มีความคิดเห็น:

แสดงความคิดเห็น