วันอาทิตย์ที่ 1 มีนาคม พ.ศ. 2558

နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု သမ္မတ အတည်ပြု


Bookmark and Share [ ]




၂၀၁၅ ခုနှစ် နိုဝင်ဘာ လမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မတ်လ ရေဒီယို မိန့်ခွန်းမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံရေး အင်အားစု များ အားလုံး အင်တိုက် အားတိုက် ၀င်ပြိုင် ကြမယ့် ရွေးကောက် ပွဲဖြစ် လိမ့်မယ် လို့လည်း သမ္မတက ထပ်လောင်း ပြောကြား လိုက်ပြီး ပြိုင်ဆိုင်မှု ပြင်းထန် လိမ့်မယ် လို့လည်း ဆိုလိုက် ပါတယ်။

သမ္မတ ဦးသိန်းစိန်က ဒီမိုကရေစီ စနစ်မှာ နိုင်ငံရေး အရ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု များ ရှိတာဟာ သဘာဝ ကျတဲ့ ကိစ္စ ဖြစ်တယ်။ တဖက် မှာလည်း မိမိတို့ရဲ့ နိုင်ငံရေး ရည်မှန်းချက် အတွက် အင်တိုက် အားတိုက် ယှဉ်ပြိုင် ကြတဲ့ အခါ တဖက်နဲ့ တဖက် အပြန် အလှန် လေးစားမှု၊ နားလည်မှု၊ သဘောထား ကြီးမှုများနဲ့ မိမိ တို့ရဲ့ရည်မှန်း ချက်ကို ရရှိဖို့ ကြိုးပမ်းရန် လိုအပ်ကြောင်း လည်း အလေး အနက် တိုက်တွန်း ပြောကြား လိုပါတယ်လို့ ထည့်သွင်း ပြောကြား သွား ပါတယ်။


နေမင်း(နည်းပညာ)

ไม่มีความคิดเห็น:

แสดงความคิดเห็น