မင်္ဂလာပါ
ကျွန်တော် ခုတင်ပြမယ့် အကြောင်း အရာလေး ကတော့ ကွန်ပျူတာ သမား တော်တော် များများ
သိထားနှင့် ပြီးသော အကြောင်း အရာဘဲ ဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် မသိသေးသော USER များ
အတွက် ရည်ရွယ်ပြီး တင်ပြလိုက်ခြင်း ဖြစ်ပါတယ်.. ။
ဒါကတော့.. ကွန်ပျူတာမှာ တခါ တခါ Window Explorer has stopped working ဆိုတဲ့ ဘောက်
တခု ကျလာပြီး တော်တော်နဲ့ အဆုံး မသတ်နိုင် ဖြစ်တတ်ပါတယ်.. ဒါကလည်း မသိခင် ကတော့
တော်တော် စိတ်ပျက် စေတဲ့ Error တခုလို့ ထင်မြင် ယူဆ မိခဲ့ပါတယ် ... ဒါပေမယ့် သည် နည်း
လေးကို ကျွန်တော် အဆင်ပြေ သွားစေတဲ့ ဖြေရှင်းနည်းလေး တစ်ခု ခုလို တင်ပြလိုက် ရခြင်း ဖြစ်
ပါတယ်..
အရမ်းလည်း လွယ်ကူ ရိုးရှင်းတာ ကြောင့် မိတ်ဆွေများ အနေဖြင့် အခက်ခဲ ဖြစ်လာရင် ဖြေရှင်းဖို့
သင့်တော် ပါလိမ့်မယ်.. အောက်မှာ ကျွန်တော် ပုံလေးများနဲ့ တစ်ကွ ဖြေရှင်းနည်းလေးကို အစဉ်
လိုက် ချပြသွားမှာ ဖြစ်ပါတယ်..
ပထမဆုံး အနေနဲ့ မိမိတို့ ကွန်ပျူတာနဲ့ Run Box ကို ခေါ်လိုက်ပါ ... မခေါ်တတ်ရင် ကီးဘုတ်ရဲ့
Win + R ကို တွဲ နှိပ်လိုက်ပါနော်..အောက်ကလို ပေါ်လာပါလိမ့်မယ်...
အောက်မှာ နံပါတ်စဉ် အတိုင်း ပုံလေးတွေ ကြည့်ပြီး လုပ်သွား လိုက်ပါနော် ... ။
အတိုကောက် မှတ်သား လိုပါက
- HKEY_LOCAL_MACHINE >>double click
- Software>>double click
- Microsoft>>double click
- Window>>double click
- Current >>double click
- Explorer>>double click
- Browser Helper Objects Browser Helper Objects တွေ့မယ်။
- သူ့ကို Right Click နှိပ်ပြီး Delete ကိုနှိပ်လိုက်ပါ။
မှတ်ချက် ။။ နံပါတ် ( ၁ ) မှစလို့ ကလစ်သော စာတန်း အားလုံးကို Double Click ဖြင့် ကလစ်ပြီး
သွားရမည် ဖြစ်ပါသည်။
နောက်ဆုံး နံပါတ် ( ၇ ) တွင် Browser Helper Objects ကို Right Click နှိပ်ပြီး Delete ကို နှိပ်လိုက်ပါ။
အိုကေပါပြီနော်.. မိမိတို့ ကွန်ပျူတာမှ တက်လာသော Window Explorer has stopped working ဆိုတဲ့ ဘောက်လေး နောက်ဆို တက်လာမှာ မဟုတ်တော့ပါဘူး...အားလုံးအဆင်ပြေကြပါစေ။
ကျွန်တော် သိသမျှ ပြန်လည် မျှဝေနေသော နည်းပညာလေး များအား ဆက်လက် အားပေး လိုပါက
www.aungsanmks.com သို့ လာရောက် လေ့လာသုံးစွဲနိုင်ပါကြောင်း...
From : ဘလော့ခရီးသည်...။
နေသူရိန်(နည်းပညာ)
ไม่มีความคิดเห็น:
แสดงความคิดเห็น