วันเสาร์ที่ 28 กุมภาพันธ์ พ.ศ. 2558

ဘလော့မှာ တင်သမျှ Facebook တွင်အော်တိုရောက်အောင် ရှယ်နည်း


အားလုံးမင်္ဂလာပါ..... ကျွန်တော်  ဘလော့ပညာတွေကို မရေးဖြစ်ခဲ့တာ တော် တော် ကြာခဲ့ပါပြီ  ဒါကလည်း  တော်တော်လေးစုံစုံလင်လင်  တင်ထားပြီးဖြစ်နေတော့  မရေးဖြစ်ခြင်းပါ...သည်နေ့တော့  ဘလော့ကာတော်တော် များများအထက်ခဲ တွေ့နေတဲ့  ဘလော့ကနေ  Facebook  Page တွေ  မိမိ Timeline  တွေ ပေါ်အော်တို ရှယ်တဲ့နည်းလေးပါဘဲ.... အရင်တင်ထားတာ ရှိပါတယ်.. ဒါပေမယ့် သိပ်မရှင်းလင်းကြတော့..အဆင်မပြေ ဖြစ်နေကြတယ်... ဒါကြောင့် ခုဘဲ  ထပြီးရေးဖြစ်လိုက်ပါတယ်...
အောက်မှာ  ပုံလေးတွေ နှင့်တစ်ကွ  သေခြာ ရှင်းပြထားတာ မို့ တဆင့်ချင်း  သွားလိုက်တာနဲ့  အဆင်ပြေပါပြီနော်.... လေ့လာလိုက်ကြစို့လားနော်.............

ဘလော့ကာဆိုင်ရာ စာအုပ်များ စုစည်းမှု


သည်နေ့တော့  ဘာမှထူးထူးထွေထွေ မတင်လိုပါဘူးးးးးးး ကျွန်တော် ပြန်လည် ရေးသားပြုစုထားတဲ့  ဘလော့ကာနဲ့ပါတ်သက်တဲ့  PDF စာအုပ်လေးတွေကို ပြန်ပြီး တစုတစည်းတည်း  စုဝေးတင်ပေးလိုက်ပါမယ်.... ဘလော့ကာ ၀ါသနာရှင်များအတွက်  တနေရာထဲမှာ ကျွန်တော် ရေးခဲ့သမျှ အကုန် တခါတည်းဒေါင်းယူနိုင်တာပေါ့နော်....  တအုပ်ချင်းဘဲ တင်လိုက်ပါ့မယ်  ZIP ဖိုင်တွေ မလုပ်နေပါဘူး စာအုပ်ကလည်း မများသေးတော့လေ.... အိုကေ အောက်မှာ အမည် နဲ့တစ်ကွ ဒေါင်းယူလိုက်ပါနော်...

ဘလော့မှာ အလွယ်ကူဆုံး Music Player လေးထည့်နည်း


Acer Iconia B1-A71 ကို root ကြမယ်


c box ကနေရောမေးထဲကနေပါလာအော်သွားတဲ့  ရဲလင်းအောင်အတွက်ပါ.ရှားပါးပစ္စည်းလေးပါ
Acer Iconia B1-A71  ကို v root သုံးပြီး root ကြတာပေါ့ ဗျာ။အားလုံးပဲ
အောက်ကအတိုင်းလိုက်လုပ်ပေးပါခင်ဗျာ။

(အဆင့် -၁)  usb debugging ကိုလုပ်ပါ။ (All application >  setting > manage application> developement > usb debugging လုပ်ပါ။အသေးစိတ်ကို  ဒီမှာ ကြည့် ပေးပါခင်ဗျာ။usb driver တွေလည်း၎င်းနေရာမှာဝင်ကြည့် နိုင်ပါတယ်။

(အဆင့် -၂) မိမိ pc အတွက်လိုအပ်တဲ့  usb driver ကို ဒီမှာ ဝင်ယူပြီး ချိတ်ဆက်ပေးပါခင်ဗျာ။  



(အဆင့် -၃)  ဒီနေရာမှာ root tool ကိုယူပြီး ကွန်ပျူတာမှာ portable လေးကို runလိုက်ပြီးရင် အောက်မှာအစိမ်းအကွက်လေးကိုနိပ်လိုက်ပါ။






 (အဆင့် -၄) ဒါဆိုခဏစောင့် ပြီးရင်အိုကေသွားပါပြီခင်ဗျာ။လိုအပ်မယ့် မြန်မာစာဖောင့် တွေကီးဘုတ်တွေ FONT CHANGER တွေကို ဒီမှာ ဝင်ယူပေးပါခင်ဗျာ။





နေသူရိန်(နည်းပညာ)











ကျွန်တော့် ဘလော့ လေးကိုလာလည်ကျတဲ့ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ ရဲ့ ဖုန်းအခက်အခဲများကို saithu102@gmail.com/saithu777@facebook.com/saithu102.blogspot.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




LG G2- Versions 4.2.2.မှစပြီး4.4.2အထိRootလုပ်နည်း (All Versions)



  ဒီနေ့ တော့ ဦးလေးကြီးတင်ပေးမှာကတော့  LGရဲ့ ထုတ်ကုန်တခုဖြစ်တဲ့ 
G2 မော်ဒယ်လေးကို Rootဖောက်နည်းတင်ပြပေးမှာဖြစ်ပါတယ် ခုလက်ရှိဒီRootဖောက်နညးလေးကတော့
4.2.2 or 4.3 or 4.4.2အထိဦးလေးကြီးစမ်းသပ်တာ လွယ်ကူစွာ Rootဖောက်နိုင်ပါတယ်
ဒါပေမယ့် 4.4.4တော့မစမ်းရသေးတော့ အားမခံရဲဘူးနော် ဒါပေမယ့် Rootဖောက်လိုရရင်လည်းဖောက်လိုရမှာပါ လက်ထဲမှာဖုန်းကမရှိတော့ လာလုပ်ခိုင်းမယ့်လူကိုစောင့်ရတာပေါ့ ခုထိမလာသေးပါဘူး လာရင် 4.4.2 and 4.3လောက်ပဲ
အရင်ဆုံးလိုအပ်တဲ့ အရာများကိုအရင်ဒေါင်းယူပါ

Android OS 2.3 to 4.4 အထိ Root ဖောက်ရန် အကောင်းဆုံး Root Apk 9 မျိုး


အခု တင်ပေးလိုက်တဲ့ Android Root Tools တွေကိုတော့ တွေ့တုန်းလေး ယူထားစေချင်ပါတယ်ဗျာ။
ဖုန်းဆိုင်က သူငယ်ချင်းတွေကို စမ်းသပ်ခိုင်းပြီး တော်တော် များများ အောင်မြင်တဲ့ Root Tools Apk များကိုစုစည်း ပေးထားတာ ဖြစ်ပါတယ်။
ကွန်ပျူတာနဲ့ ချိတ်ဆက် စရာမလိုပဲ Root Apk ကို ဖုန်းထဲထည့်ပြီး Run လိုက်တာနဲ့ Root ဖောက်ပြီးသားဖြစ်စေမှာပါ။
အခြားသော Service မှ မိတ်ဆွေများလည်း ဒေါင်းယူထားစေချင်ပါတယ်ဗျာ။ Android OS 2.3 to 4.4 အထိ အသုံးပြုနိုင်ပါတယ်။ Root Apk 9 မျိုးကို အောက်ကလင့်မှာ ဖေါ်ပြပေးလိုက်ပါတယ်ဗျာ။

သင်ရှာနေတာ Custom ROMs လား Official ROMs လား Root Software တွေလား ဒီလင့်မှာ လိုသလောက်ရယူလိုက်ပါ

မင်္ဂလာပါ
ဒီနေ့တော့ ဖုန်းကလစ်သူတွေအတွက်ရော့
ဖုန်း Service သမားတွေအတွက်ပါ
အချိန်ကုန်ခံပြီး ရှာနေရတဲ့ Official ရဲ့ Custom Roms များကို
တစ်နေရာတည်း စိတ်ကြို က်ဒေါင်းလော့ယူနိုင်အောင်
စပါယ်ရှယ် လင့်တစ်ခုကို ကျနော် တင်ပေးလိုက်ပါတယ်။

ဖုန်းအမျိုးအစားပေါင်း အစုံပါဝင်ပါတယ်
ဒေါင်းလော့ယူချင်တဲ့ ဘော်ဒါတွေကတော့
လိုင်းကောင်းတုန်း IDM  နဲ့ဒေါင်းယူလိုက်ပါ

နည်းပညာညီအစ်ကိုများကတော့ အွန်လိုင်းအမြဲသုံးနေမှာ
ဖြစ်သလို မိမိတို့ရဲ့ ချစ်ပရိတ်သတ်ကြီးတွေကလည်း
အမြဲတစေလို တောင်းဆိုနေကြမှာ ဖြစ်တဲ့အတွက်
ဒီ Page လေးကို Bookmark လေးလုပ်ထားပေးလိုက်ပါခင်ဗျား

วันศุกร์ที่ 27 กุมภาพันธ์ พ.ศ. 2558

ဖုန်းကို အမိုက်တွေရှင်းလင်းသုတ်သင်ပြီး ပေါ့ပါးစေနိုင်မယ်-CCleaner v1.08.32apk

Android ဖုန်းတွေကိုပေါ့ပါးမြန်ဆန်အောင်အမိုက်တွေရှင်းလင်းသုတ်သင်ပေးနိုင်တဲ့ CCleaner Version: v1.08.32apk update လေးကိုတင်ပေးလိုက်ပါတယ် ။ ဒီကောင်လေးကတော့ မိမိရဲ့ဖုန်းမှာရှိသမျ  junk
ဖိုင်တွေ antivirus တွေကိုရှင်းထုတ်ပေးနိုင်တဲ့မအပြင် app manager တွေကိုသန့်ရှင်းပေးနိုင်ကာ
memory boost တွေလုပ်ပေးကာအကောင်းဆုံးမြင့်တင်ပေးနိုင်တာကြောင့် လူကြိုက်များပြီးနာမည်ကြီး
နေတဲ့ apk ကောင်းလေးပါပဲ ။ ဖိုင်ဆိုဒ်က 2.3MB ပဲရှိပြီး Android: 4.0 နှင့်အထက်ဖုန်းတွေမှာအသုံးပြုနိုင်
ကြပါတယ် ။

ဖုန်းကို အရေးပေါ် ဓါတ်မီးအဖြစ် သုံးချင်တဲ့ သူများအတွက်-FlashLight HD LED Pro v1.78 Apk

ဒါကတော့ ဓါတ်မီးမရှိရင် မိမိရဲ့ ဖုန်းကို ဓါတ်မီးအဖြစ် သုံးချင်တဲ့သူများ အတွက် ပြုလုပ်ထားတဲ့ application ပါ။ ရိုးရိုး ဖုန်းမီးနဲ့ဆိုရင် အလင်းရောင်က သိပ်ပြီးတော့ မမြင်ရသလိုပါပဲ။ ခု ဒီ application နဲ့ စမ်းကြည့်ကြည့်လိုက်ပါ။ မီးအလင်းရောင်နဲ့ အမှောင်ထဲမှာ ရှာချင်တာ ရှာလို့ရတာပေါ့။ ထွန်းထားလည်းပဲ ရပါတယ်။ တော်တော်လေး အဆင်ပြေပါတယ်။ မီးပျက်တဲ့ အချိန်တွေမှာဆို ထွန်းထားရင် လင်းထိန် နေတာပါပဲ။ ကဲလိုချင်တဲ့သူများ အောက်မှာ ယူလိုက်ပါ။နမူနာအနေနဲ့ အောက်မှာ Screen Shot တွေရိုက်ပြ ထားပါတယ်။ Android OS 2.3နှင့်အထက်ဖုန်းများမှာအသုံးပြုနိုင်မှာဖြစ်ပါတယ်ဗျာ။File Size ကလည်6း.0MB လေးပဲရှိတာမို့ လိုအပ်ရင်သုံးနိုင်ဖို့အတွက်ဒေါင်း ယူထားစေချင်ပါတယ်ဗျာ။ 

  Download Here 
 
 
နေသူရိန်(နည်းပညာ)

Kingo Root 1.2.4 Final - Android 4.4.2 ကို Kingo Root ဖြင့် Root ဖေါက်ပြီး မြန်မာစာ ထည့်နည်း

Android စမတ်ဖုန်းတွေနဲ့ Tablet တွေကို Android .apk ဆော့ဝဲလ်လေးတွေနဲ့ Root ဖေါက်လို့ အဆင်မပြေတဲ့အခါ ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီးမှ Root ဖေါက်လို့ ရတတ်ပါတယ်..။ ကွန်ပျူတာနဲ့ Android ဖုန်းတွေ ချိတ်ဆက်တဲ့အခါမှာလည်း မိမိကွန်ပျူတာက Android ဖုန်း အမျိုးမျိုးကို သိဖို့၊အလုပ်လုပ်နိုင်ဖို့အတွက် ဒီလင့်ကပိုစ့်မှာ Android USB Drivers တွေ ထည့်တတ်အောင် ပြပေးထားပြီးပါ..။ အခုလည်း Lenovo Tablet Android 4.4.2 ကို အရင်ဗါးရှင်း Root apk လေးတွေနဲ့ Root မနိုင်တဲ့အတွက် ဒီ ကွန်ပျူတာ ဆော့ဝဲလ် Kingo Root နဲ့ မှ အဆင်ပြေပါတယ်..။ Kingo Root ကို အမြဲတမ်း နောက်ဆုံးဗါးရှင်းတွေ ဒေါင်းယူလို့ ရအောင် မူရင်းဆိုဒ်မှာ သွားရောက် ဒေါင်းယူနိုင်တဲ့လင့်ကို ဒီပိုစ့်မှာ ချိတ်ပေးထားပါတယ်..။ Kingo Root အရင် ဗါးရှင်းတွေက Android အရင်ဗါးရှင်းတွေကို Root နိုင်ပေမယ့်.. Android နောက်ဆုံးဗါးရှင်းတွေဆိုရင်တာ့ Kingo Root ဆော့ဝဲလ်ကိုလည်း နောက်ဆုံးဗါးရှင်းတွေ လိုက်သုံးပေးမှ Root ဖေါက်နိုင်ပါတယ်..။ 

Coolpad( 5217 + 7060 ) ကိုင်ဆောင်ထားတဲ့ မိတ်ဆွေများအတွက် without root MM Font


ဒီနေ့ တော့ဦးအာကာ Day Thitရဲ့  Toolလေးကိုဖော်ပြပေးလိုက်ပါတယ်
ဦးလေးကြီး စမ်းကြည့်တာ ၇လုံးမှာ ၆လုံးရခဲ့ ပါတယ် အရင်ဆုံး ဖုန်ကို Powre ဖွင်ပါ
ပြီးပါက Normal Mode ထားပြီး ကြိုးထိုး လိုက်ပါ
 CP 5217 without root MM Font(Rarဖိုင်ကို.exe လုပ်ပြီး)
 root MM Fontကိုဖွင့်လိုက်ပါ  Keyတခုခုနှိပ်ပေးလိုက်ပါ
  မြန်မာ Font ကို Tools ကနေ သူဘာသာသွင်းပေးပါလိမ်.မယ်

ကွန်ပျူတာမှာအသုံးပြု ဖို့ Antivirus အကောင်းဆုံးထဲက တစ်ခု ESET Smart Security 8 With Activation Key, License 32/64 (2015)

  ESET Smart Security 8 With Activation Key, License 32/64 (2015)
မင်္ဂလာပါ
ကွန်ပျူ တာမှာ အသုံးပြု ဖို့ Antivirus ဆော့ဝဲ ကောင်းကောင်လေး
 တင်ပေးပါဦးဆိုလို့ ESET Smart Security 8 2015 လေးကို
License နဲ့ တွဲတင်ပေးလိုက်ပါတယ်။

ကွန်ပျူ တာနဲ့ Virus က မကင်းနိုင်တာမို့ သင့်ကွန်ပျူ တာမှာ
 Virus ၀င်မှာကိုကြောက်တယ် ၀င်ပြီးသား Virus တွေကိုလည်း
 အလွယ်တကူ ရှင်းထုတ်ပစ်ချင်တယ် ဆိုရင်တော့
 ESET Smart Security 8 ကိုသာ License နဲ့ အသုံးပြု ကြည့်ပါလို့
အကြံပြု ပါရစေ။

วันพฤหัสบดีที่ 26 กุมภาพันธ์ พ.ศ. 2558

IOS7 Launcher Version: 1.1.00 for Android Phone

unnamed1

အခုတင်ပေးလိုက်တတာကတော့ မိမိရဲ့Android ဖုန်းမှာ.....IOS7 Style Launcher သုံးချင်လိုသူများအတွက်..ဖြစ်ပါတယ်...ဖုန်းမျက်နှာမြင်တစ်ခုလုံးဟာ..Iphone Homescreen လိုဖြစ်သွားမှာဖြစ်ပြီ..ရိုးရှင်းပြီး..သွက်လက်မြန်ဆန်စေမှာဖြစ်ပါတယ်.....အပျော်သဘောလည်းဖြစ်သွားအောင် တကယ်လို့ကြိုက်တယ်ဆိုရင်..အမြဲတမ်းလည်းဆောင်ထားလို့ရအောင်...ဒေါင်းယူကြိုက်ကြနော်....Launcher ထည့်ပုံထည့်နည်းတွေကိုတော့ သိပ်မပြောတော့ပါဘူးဘာလို့လဲဆိုတော့ ပုံမှန် ရိုးရိုး Apps တွေကို Install လုပ်သလိုလွယ်လွယ်ကူကူလေးဖြစ်လို့ဖြစ်ပါတယ်........ဖုန်းသုံးရတဲ့အတွေ့ကြုံသစ်တစ်ခုလည်းရတာပါ့ဗျာ....တကယ်လို့ ဒေါင်းလုပ်ယူမယ်ဆိုရင်တော့ ဒေါင်းလုပ်ဆိုတာကို ကလစ်လိုက်ပါ

Gmail ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်


ပြည်တွင်းရှိ Email အသုံးပြုသူများအနက် အများဆုံးအသုံးပြုကြသည့် Gmail ကို မြန်မာဘာသာဖြင့် စတင် အသုံးပြုနိုင်ရန် Google မှ စီစဉ်ပေးခဲ့သည်ဟု Google ၏ Product Manager ဖြစ်သူ Divon Lan က ပြောသည်။

วันพุธที่ 25 กุมภาพันธ์ พ.ศ. 2558

မေးထားသောသူများအားလုံးအတွက် နဲ့ မမေးထားသောသူများအတွက်...



Image result for Ask image









ကျွန်တော်လည်းမအားသောလိုင်းများကြားထဲကနေတင်ပေးရတယ်ဆိုတော့နားလည်ပေးပါနော်လို့ပဲပြောပါရစေဗျာ
ဒီကြားထဲဘေကကုန်ပြီဗျာ ၅၀၀ ကျော်ပဲရှိတော့တယ်ဗျာ misscall တောင်အနိုင်နိုင်ပေါ့ ကဲထားလိုက်ပါတော့ တော်ကြာ ဘေအလှူခံနေတယ်လို့ပြောပါအုံးမယ် ကဲမေးထားသောသူများအတွက် တင်ပေးလိုက်ပါပြီနော်...


ယခုပို့စ် ကျွန်တော့် ကိုဖုန်းဆက်ပြီးမေးမြန်းထားသော သူများအတွက် သီးသန့်ပေါ့နော်.. ဒါပေမဲ့ မသိသောသူတွေဖတ်နိုင်ပါတယ်.အားလုံးကိုစုစည်းပြီး တင်ပေးလိုက်ပါပြီ .. ဖုန်းဆက်မေးမြန်းထားသောသူများ ထဲမှ မေ့ပြီး မတင်ပေးဖြစ်ခဲ့ရင်ပြန်လည်တောင်းဆိုနိုင်ပါတယ်..ပြီးတော့ မအားတဲ့အခါ ၊လိုင်းမကောင်းလို့ဆိုရင် ပို့စ်တွေကိုသတ်မှတ်ထားတဲ့အတိုင်းတင်ပေးဖြစ်မယ်မဟုတ်ပါ နားလည်ပေးပါ..ယခုဒီပို့စ်ထဲမှ စာသား၊ပို့များသည် ဒီဆိုဒ်မှာရှိချင်ရှိပါလိမ့်မည် ၊ ဒီဆိုဒ်မှာရေးသော ဘလော့ခ်ဂါတွေရေးရင်ရေးခဲ့ဖူးမယ် ၊ ဒါပေမဲ့နားလည်ပေးပါ ၊ယခုမှစတင် Media Device များကိုသုံးမဲ့ သူများအတွက် သူတို့မရှာဖွေတတ်လို့ တောင်းဆိုလို့တင်ပေးရတာ ဆရာ၊ညီအကိုများနားလည်ပေးကြပါနော်..်ဖုန်းဆက်သူများလည်းအရင်ဆုံးကိုယ့်ဘာသာကိုယ်Try ကြည့်ပါအုံးဗျ ချက်ခြင်းမသိတာရှိမေးမည်ဆိုပဲလုပ်မနေပါနဲ့ ကျွန်တော်လည်းအလုပ်ကတစ်ဖက်မို့ပါ.. အချို့သောကိစွ များဟာ ကျွန်တော့် ပါးစပ်နဲ့ဖြေလို့ မရတဲ့ ပြသနာများကိုတော့ ပို့စ်တင်ပေးနေပါတယ် .. မိမိတို့ တင်လိုသော နည်းပညာပိုင်းဆိုင်ရာ များကိုတော့ ကျွန်တော့်ကိုဖုန်းဆက်ပေါ့နော် ..စာသားတွေထဲမှာ ရယ်စရာလေးတွေပါတယ် အဲ့တာကတော့ပို့စ်တွေကရှည်တော့ ပျင်းမှာစိုး ဟာသပြဇာတ်ကို အလကား ခေါ်ထားတာ :P

Google ရဲ့ OS ဗားရှင်း အသစ် Andioid 5.1 Lollipop မိတ်ဆက်


http://fs01.androidpit.info/userfiles/6727621/image/Android_5_0_lollipop/Android_L_lollipop_interface_pink_lol.jpg
 
Android OS တွေကို ဂူးဂဲလ်ကနေ ရေးသားဖြန့်ချိ ထားတာဖြစ်ပြီး အခုနောက်ဆုံး ဖြန့်ချိထားတဲ့ ဗားရှင်းက 5.1 Lollipop ဖြစ်ပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်စမတ်ဖုန်းတွေနဲ့ တက်ဘလက် တွေကိုလည်း Nexus နာမည်နဲ့ ထုတ်လုပ်ထား ပါတယ်။

သူ့ရဲ့ ဟာ့ဒ်ဝဲပိုင်းဆိုင်ရာ ထုတ်လုပ်မှုတွေကိုတော့ ဂူးဂဲလ်က ကိုယ်တိုင် မထုတ်လုပ်ပါဘူး။ ကွန်ပျူတာ လောက၊ မိုလ်ဘိုင်းဖုန်းလောကရဲ့ အထင်ကရ ကုမ္ပဏီကြီးတွေဖြစ်တဲ့ Asus, HTC, Samsung, LG, motorola စတဲ့ ကုမ္ပဏီတွေက တာဝန်ယူ ထုတ်လုပ် ပါတယ်။

วันอังคารที่ 24 กุมภาพันธ์ พ.ศ. 2558

Pro Myanmar Root Apk



Android 4.2.2  {or} 4.3 အထိဖုန်းတော်တော်များများကို Root ဖောက်ပေးနိုင်တဲ့ Pro Myanmar Root
ပါ  အဟောင်းလေးပါတောင်းထားတဲ့သူများလို့ကျွန်တော်ပြန်တင်ပေးလိုက်တာပါ အောက်မှာဒေါင်းယူပါဗျ

ပိုတိုရှော့မှာအသုံးပြုရန် မိန်းကလေးပုံ Size(13.3MB)


ပိုတိုရှော့အတွက် မိန်းကလေးပုံဒီဇိုင်းလေးတင်ပေးလိုက်တယ်နော်
အောက်မှာဒေါင်းယူထားနိုင်ပါတယ်

Clash of Clans တကယ်ဆော့လို့ရတဲ့ UpdateVersion 2015 Febuary 24- 100% working


Image result for clash of clans 2015
Clash of Clans UpdateVersion 2015 Febuary 24-  100% working အလုပ်လုပ်တဲ့ ဗားရှင်းအသစ်လေးပါ
ဒီနေ့ update version ဒေါင်းပြီးသုံးမရတဲ့ဘော်ဒါတွေအတွက်  တကယ်သုံးလို့ရတဲ့ဗားရှင်းလေးတင်
ပေးလိုက်ပါတယ်း။အသုံးလိုရင်အောက်က ဖိုင်နှစ်ဖိုင်ထဲကကြိုက်ရာဖိုင်မှာဒေါင်းနိုင်ပါတယ် (ပုသိမ်အိုင်တီ)

အလွယ်ကူဆုံး ASUS 5 Root ဖောက်နည်း နှင့် မြန်မာစာထည့်နည်း


ဒီ​နေ့​တော့ ကျွန်​​တော်​ ASUS 5 ဖုန်းတစ်​လုံးဝယ်​ယူလိုက်​ပါတယ်  ASUS 5 ဖုန်းကိုင်​​ဆောင်​ထားသော မိတ်ဆွေများအ​နေဖြင့်​ ကိုယ့်​ဟာကို​မြန်​မာစာထည်​ဖို့ရန်​အတွက်​ကို ​ရည်​ရွယ်​ ပြီး တင်​​ပေးခြင်းဖြစ်​ပါတယ်​ ဒါဟာ လေ့လာနေဆဲသောသူများအတွက်သာ ဖြစ်ပြီး တက်သိနားလည်ထားသူများအတွက်မရည်ရွယ်ပါ

วันจันทร์ที่ 23 กุมภาพันธ์ พ.ศ. 2558

Viber ဗားရှင်းအသစ်လေး Viber v5.2.2.463 Apk


viber
With Viber, everyone in the world can connect. Freely. More than 200 million Viber users text, call, and send photo and video messages worldwide over Wifi or 3G – for free. Viber Out can be used to make calls to non-Viber mobile and landline numbers at low rates. Viber is available for many smartphones and platforms.

ကျိုက်ထီးရိုးဘုရားသမိုင်း(မျိုးမာန်၊ ကျော်မိုးဇော်)

စာအုပ်အမည် - 
စာရေးသူ - မျိုးမာန်၊ကျော်မိုးဇော်
ဖိုင်ဆိုဒ် - 15.6MB

Driver Reviver 5.0.1.22 Full With Crack Full Version Size(8MB)


ကျွန်တော်တို့ ကွန်ပျူတာကို ဝင်းဒိုအသစ်တင်တဲ့အခါ Driver တွေ အကုန်ပြန်ထည့်ရပါတယ်။တချို့စက်တွေမှာ Driver ခွေမရှိကြပါဘူးခင်ဗျာ။Driver အခွေမရှိလို့စိတ်ညစ်နေသူများအတွက် ဒီဆော့ဝဲလေးနဲ့ Driver များကို Scan လုပ်ပြီး စက်မှာလိုအပ်တဲ့ Driver များကို Download လုပ်ပြီး Driver များကို ပြည့်စုံစွားထည့်သွင်းနိုင်ပါတယ်
အောက်မှာဒေါင်းလုပ်လင့်နော်

Loaris Trojan Remover 1.3.6.5 With Serial Keygen Full Version Size(59MB)


ကွန်ပျူတာမှရှိတဲ့ Anti-virus များနှင့်Malware Worms, Adware, Spyware များ remover လုပ်နိုင်တဲ့ဆော့ဝဲကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ဒါအပြင် အင်တာနက် Website တို့မှာရှိတဲ့ Popup Browsers ads များကိုလည်း Remover လုပ်ထားနိုင်ပါတယ်သေးတယ်ခင်ဗျာ
အောက်မှာလင့်တွင် ဒေါင်းယူနိုင်ပါပြီ

วันอาทิตย์ที่ 22 กุมภาพันธ์ พ.ศ. 2558

ဘရုစ်စလီ ဖိုက်တင်ဂိမ်းကောင်းလေး Bruce Lee: Enter The Game v1.1.0.6297 [Mod Money] Apk

Bruce Lee: Enter The Game Apk
ဘရုစ်စလီ ဖိုက်တင်ဂိမ်းကောင်းလေး Bruce Lee: Enter The Game v1.1.0.6297 [Mod Money] Apkဂိမ်းကောင်းလေးပါ ပေါ့ပေါ့ ပါးပါး နဲ့ဆော့လို့ကောင်းတဲ့ အက်ရှင်ဂိမ်းကောင်းလေးပါ
တိုက်ခိုက်ဆော့ကစားခြင်တဲ့ဘော်ဒါတွေအတွက်တင်ပေးလိုက်ပါတယ် (ပုသိမ်အိုင်တီ)

Adobe Photoshop CS6 Portable


Bookmark and Share [ ] [ ] [ ]



Adobe Photoshop CS6 ကို Installer နဲ့တင်ရင် တော်တော် ကြာတယ်.. Portable ဆိုတော့ ဒီ
အတိုင်းလေးပဲ Run လိုက်ရုံပဲ.. Installer နဲ့ တင်ထားတဲ့ Feature အတိုင်းပဲ ဆိုတော့ ပေါ့ပေါ့
ပါးပါးနဲ့ သုံးလို့အဆင်ပြေပါတယ်..

ဖိုင်ဆိုဒ်ကလည်း 96.2 Mb ပဲရှိတယ်..

ဒီအတိုင်း Directory မပြောင်းဘဲ တင်သွား ရင်တော့ C:\user\Computername\Adobephotoshop
portable အောက်မှာ exe လေးရှိနေပါမယ်..

Install လုပ်စရာ မလိုတဲ့ Microsoft Office 2007 Portable


Bookmark and Share [ ] [ ]



Install လုပ်စရာ မလိုတဲ့ Microsoft Office 2007 Portable ဖြစ်ပါတယ်။ အခြား ကွန်ပျူတာ တစ် လုံး
လုံးကို သွားသုံး မိတဲ့ အခါ သူ့စက်မှာ Microsoft Office တင် မထားလို့ အဆင် မပြေဖြစ်မှာ ပူစရာ
မလိုတော့ပါဘူး..

ကိုယ့် စတစ် ထဲက ဒီကောင်လေးကို Run ပေးလိုက်ရုံ ပါပဲ.. File Size ကလည်း ငယ်ပါတယ်.. 237
Mb ပဲရှိတယ်။

ASUS Zenfone 5 , 4.4.2 T00K ကို Root ဖေါက်နည်း



ASUS Zenfone 5  တွေထဲက T00K တစ်မျိုးကတော့ ဘယ်လိုမှ Root ဖေါက်လို့မရခဲ့ပါဘူး
ကျန်တဲ့ ASUS Zenfone 5 , 4.4.2 Model တွေ အားလုံး အဆင်ပြေပါတယ်... T00K တစ်မျိုးပဲ Root မပေါက်ပဲ ဖြစ်နေတာပါ...  တရုတ် နှစ်သစ်ကူး ပိတ်ရက်တုန်းက လာလိုက်တဲ့ Zenfone 5 တွေ T00K တွေချည်းပဲ ...တစ်လုံးမှ အဆင်မပြေလိုက်ဘူး...

ဒီ Model ပါ...






ကဲ..... အခုတော့ FB က Bro Myint Aung  ရဲ့ ကူညီမှုကြောင့်အဆင်ပြေသွားပါပြီ... :)


Root ဖေါက်နည်းကတော့ အရင်ဆုံး Driver ရှိရပါမယ်...
မရှိရင် အောက်မှာ Driver တွေဒေါင်းပြီး Install လုပ်ထားပါ...။


  1. ADB Driver (Download)
  2. Intel USB Driver (Download)
  3. PC Link <optional> (Download)
  4. Root Tools (Download)

 

ပြီးရင် ဖုန်းမှ  USB Debugging ကို ON ထားပေးပါ...

ပြီးရင် ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ဆက်  Zenfone-launcher  ဆိုတဲ့ Bat ဖိုင်လ် ကို RUN ပါ...

 


နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ.. 

နောက်တစ်ခါ နံပါတ် (2) ကို နှိပ်ပြီး Enter ခေါက်ပါ...

ဖုန်းပြန်တတ်လာလို့ SuperUser မပေါ်သေးဘူးဆိုရင်တော့

နံပါတ် (4) ကို နှိပ်ပြီး Enter ခေါက်ပေးလိုက်ပါ...

 

 

 အောက်ကပုံအတိုင်း Superuser လေးပေါ်လာရင်တော့ Root ဖေါက်တာ အောင်မြင်သွားပါပြီ...

 

 

 

 

 မြန်မာစာ အတွက်ကတော့ ညီလေး Phyo Chan ရဲMM Aio Font Changer နဲ့ အလွယ်တကူ ထည့်သွင်းပေးနိုင်ပါတယ်..

 

အဆင်ပြေကြပါစေ....

 

Ref: http://www.asus-zenfone.com
                  Root Tool  Zip ဖိုင်လ်ဖြည်လို့ Password တောင်းခဲ့ရင် Password က www.asus-zenfone.com  ပါ.....

 Thank to :  Myint Aung

 
www.winkabarkyaw.net



နေသူရိန်(နည်းပညာ)