แสดงบทความที่มีป้ายกำกับ NLD သတင်းများ แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ NLD သတင်းများ แสดงบทความทั้งหมด

วันจันทร์ที่ 2 มีนาคม พ.ศ. 2558

အမျိုးသား ရင်ကြား စေ့ရေး ကာလတွင်း စိတ် ဝမ်းကွဲ အောင် မလုပ်ဖို့ ဒေါ်စု သတိပေး









ဗိုလ်ချုပ် ရာပြည့်ပွဲ အထိမ်း အမှတ်ပွဲနဲ့ တက်ရောက်သူ ပရိသတ် (ဓာတ်ပုံ- မင်းမြန်မာ fb)

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေက သူ့ရဲ့ လူထု စည်းရုံးရေး ခရီးစဉ် တွေမှာ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေးကို တည်ဆောက် နေတဲ့ ကာလ အတွင်း အတိတ်က အဖြစ်ဆိုး တွေကို ပြန်လှန်ပြီး စိတ် ဝမ်းကွဲ အောင် မလုပ် ကြဖို့ သတိပေး ပြောကြား ခဲ့ပါတယ်။

ဒီအတော အတွင်း သမ္မတ ဦးသိန်းစိန်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင် လှိုင်နဲ့ ဒေါ်အောင် ဆန်း စုကြည် တို့ရဲ့ တွေ့ဆုံ ဆွေးနွေး ပွဲကို ဒီကနေ့ တနင်္လာနေ့ ညနေပိုင်း နေပြည်တော်မှာ ပြုလုပ်ဖို့ စီစဉ် ထားတယ် ဆို တဲ့ သတင်းတွေ ထွက်ပေါ်နေ ပါတယ်။ အကြောင်းစုံ ကိုတော့ မအင်ကြင်းနိုင်က တင်ပြပေး ထားပါတယ်။

วันอาทิตย์ที่ 1 มีนาคม พ.ศ. 2558

နိုဝင်ဘာတွင် ရွေးကောက်ပွဲ ကျင်းပမည်ဟု သမ္မတ အတည်ပြု


Bookmark and Share [ ]




၂၀၁၅ ခုနှစ် နိုဝင်ဘာ လမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပ မယ်လို့ သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မတ်လ ရေဒီယို မိန့်ခွန်းမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။

လွတ်လပ်ရေး ရပြီးနောက်ပိုင်း နိုင်ငံရေး အင်အားစု များ အားလုံး အင်တိုက် အားတိုက် ၀င်ပြိုင် ကြမယ့် ရွေးကောက် ပွဲဖြစ် လိမ့်မယ် လို့လည်း သမ္မတက ထပ်လောင်း ပြောကြား လိုက်ပြီး ပြိုင်ဆိုင်မှု ပြင်းထန် လိမ့်မယ် လို့လည်း ဆိုလိုက် ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဟင်္သာတ ခရီးစဉ် မိန့်ခွန်း ကောက်နုတ် ချက်များ


Bookmark and Share [ ]



ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတမြို့ အေးမြ သာယာ ရပ်ကွက်ရှိ ခရိုင် အားကစား ကွင်းမှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ကျင်းပ ပြုလုပ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ ဂုဏ်ပြုပွဲ အခမ်းအနား ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် တက်ရောက် မိန့်ခွန်းပြော ကြားပြီး လူထု သောင်းချီ တက်ရောက် ခဲ့ပါတယ်။

ဒေါ်အောင်ဆန်း စုကြည် ဟင်္သာတ ခရီးစဉ် မိန်ခွန်း ကောက်နုတ်ချက် တွေကို စုစည်း တင်ပြ ထားပါတယ်။