แสดงบทความที่มีป้ายกำกับ နည်းပညာ แสดงบทความทั้งหมด
แสดงบทความที่มีป้ายกำกับ နည်းပညာ แสดงบทความทั้งหมด

วันพุธที่ 25 มีนาคม พ.ศ. 2558

♪ Apple ID ကို မိမိ iPhone/iPad ဖြင့် အလွယ်တကူဖွင့်နည်း ♫


ကျွန်တော်တို့iOS userတွေအနေနဲ့ idevice တစ်ခုခုကိုပိုင်ဆိုင်လာပြီဆိုရင် Apple ID ဆိုတာလဲမရှိမဖြစ်ပါ။ ဒါကလဲမခက်ပါဘူး။မိမိရဲ့Device ပေါ်နေပဲအလွယ်တကူဖွင့်နည်းကိုကျွန်တော်ပြောပြပါ့မယ်။ အခါသင့်ရင်လဲ iTunes နဲ့ဖွင့်နည်းကိုကျွန်တော်တင်ပြသွားပေးပါဦးမယ်။

***Apple ID ကိုမဖွင့်သေးခင် Setting >> iTunes & App Store >> Apple ID သို့ဝင်ရောက်ပြီး Sign out အရင်လုပ်ပေးထားပါ..ဒါမှApp Store ထဲဝင်ပြီးဖွင့်တဲ့အခါမှာ Box တစ်ခုကျလာမှာဖြစ်ပါတယ်...***


၁.ပထမဦးစွာ App Store ကိုဝင်ပါ။ကိုယ်ကြိုက်တဲ့Free App တစ်ခုကိုဒေါင်းလိုက်ပါ။

၂.ဒီအခါကျရင်Boxတစ်ခုကျလာပါလိမ့်မယ်။
၃.Create new Apple ID ကိုရွေးပါ..

၎. ပြီိးရင် Storeကို ကိုယ်ကြိုက်တဲ့ country ထားပါ (ကျွန်တော်ကတော့လောလောဆယ် US storeနဲ့ရှင်းပြသွားပေးပါမယ်)

၅.ပြီးလျှင်Nextကိုနှိပ်ပါ။ထပ်ပြီး Agree ကိုနှိပ်ပါ

၆. ဒီနေရာမှာ ကိုယ့်ရဲ့Email နဲ့ Password ကိုပေးရမှာဖြစ်ပါတယ်။Password ကိုပေးရင်အရှေ့ဆုံးစာလုံးကို Capital letter နဲ့ရေးပြီး အနောက်တွင်ဂဏန်းတစ်ခုခုပါဝင်ရပါမယ်

၇. Security Answer နဲ့ Question တွေကိုအဆင်ပြေမယ်ဆိုရင်ကိုယ်နဲ့အဆင်ပြေစေမယ့် ကိုယ်မှတ်ရလွယ်မဲ့ဟာလေးတွေပေးစေချင်ပါတယ်။ (Password ကိုပြောချင်းမဟုတ်ပါ)။ 
နောက်ပြီး ကိုယ့်မှာနောက်ထပ်Emailတစ်ခုထပ်ရှိသေးတယ်ဆိုရင်တော့ Rescue Mail ပါထည့်ပေးထားစေချင်ပါတယ်။ဘာလို့လဲဆိုတော့ အကြောင်းတစ်ခုခုကြောင့် ကိုယ့်Apple ID ရဲ့ Password မေ့သွားခဲ့ရင် ဒီနှစ်ခုနဲ့ပြန်လည်ရယူနိုင်တာကြောင့်ပါ။  
အချက်အလက်တွေဖြည့်ပြီးရင်တော့ NEXTကိုနှိပ်ပါ။
၈. ဒီအဆင့်က ကိုယ့်ရဲ့ Billing information နဲ့ပတ်သက်တာတွေကိုထည့်ပေးရမှာဖြစ်ပြီး အမှန်တကယ် Bank Card သုံးစွဲသူဆိုပါက သေသေချာချာစိစစ်ရန်လိုအပ်ပါတယ်။
ကျွန်တော်ကတော့ Free Account တစ်ခုကိုဖွင့်နည်းပြပါမယ်
၉. None ဆိုတဲ့နေရာကိုအမှန်ခြစ်ပေးပါ
 
အောက်ဆက်သွားရင် ကိုယ့်ရဲ့လိပ်စာတွေကိုထည့်ပေးရမှာဖြစ်ပါတယ်။
***  US,CANADA,SINGAPORE လိပ်စာများယူရန် ဤနေရာ ကိုနှိပ်ပါ  ***
၁၀. ဒီနေရပ်လိပ်စာဖြည့်တဲ့နေရာမှာ ကိုယ်က US Store ရွေးခဲ့ရင် US လိပ်စာ။ Canada store ဆို Canada လိပ်စာမှန်ကုန်စွာထည့်ပေးပါ..

ပြီးရင်တော့ Next ကိုနှိပ်ပါ။
၁၁. ကဲအခုဆိုရင် မိမိရဲ့Emailကိုတစ်ချက်ဖွင့်ပြီး Apple ID အတွက် Verify လုပ်ပေးလိုက်ပါ
Verify လုပ်ပြီးရင်တော့ သင်ဟာ မိမိရဲ့ကိုယ်ပိုင်Apple ID တစ်ခုကိုပိုင်ဆိုင်သွားပြီပဲဖြစ်ပါတယ်။
 
 
နေသူရိန်(နည်းပညာ)

Credit : http://www.iosknowledgebank.info
 Ref : http://www.winkabarkyaw.net/

วันพฤหัสบดีที่ 12 มีนาคม พ.ศ. 2558

၂မိနစ်အတွင်း Facebook accountဖွင့်နည်း (Two miniunt in opening the facebook for new account)



ဒီနေ့ တော့ဦးလေးကြီးတင်ပေးမှာကတော့ ဦးလေးကြီးကို ခဏခဏလာမေးနေကြတဲ့
မိတ်ဆွေများအတွက်ရယ် ဖွင့်တိုင်းLockကျကျနေတဲ့ မိတ်ဆွေများအတွက်
ဦးလေးကြီး ၂မိနစ်အတွင်း Facebook  accountဖွင့်နည်း တင်ပေးမှာဖြစ်ပါတယ်
ဦးလေးကြီး တခုတော့ ပြောချင်းပါတယ် ဦးလေးကြီး ပြောပြတဲ့ နည်းအတိုင်းပဲဖွင့်ပါ
ပြီးတော့  accountထဲရောက်သွားတာနဲ့ တွေတဲ့  ဆွေသဟာမိတ်သဟာတွေကို
likeလုပ်တာတော့ ၁လအတွင်း မလုပ်ပါနဲ့  likeမလုပ်နဲ့ လိုပြောတာမဟုတ်ဘူးနော်
likeအရမ်းပေးရင် Photo lockကျတတ်လိုပါ

วันพุธที่ 4 มีนาคม พ.ศ. 2558

Root လုပ်တယ်ဆိုတာဘာလဲ ဘာ့ကြောင့် Root ဖေါက်ကြသလဲ




 Root လုပ်တယ်ဆိုတာဘာလဲ ဘာ့ကြောင့် Root ဖေါက်ကြသလဲ 
မင်္ဂလာပါ
ဒီနေ့တော့ Android Rooting Guide နဲ့ပတ်သက်ပြီး
လိုက်ရှာကြည့်ဖြစ်ပါတယ် အဲဒီမှာ ဘာရလာသလဲဆိုတော့
အပေါ်ကခေါင်းစဉ်လေးနဲ့ စပါယ်ရှယ် လမ်းညွှန်နည်းလေးပါ
အားလုံးအတွက် တစ်ဆင့်ပြန်လည်မျှ ဝေလိုက်ပါတယ်။

Official ဆိုက်တွေမှာတော့ အင်္ဂလိပ်လို အပြည့်အစုံဖေါ်ပြထားကြတာ
တော့ တွေ့ပါတယ် ကျနော် ရမ်းသန်းပြီး ဘာသာပြန်ကြည့်ပါသေးတယ်
သိပ်အဆင်မပြေတာနဲ့ ဒီကောင်းစဉ်လေးကို အောက်သက်သက်လေးနဲ့
 တင်ပေးချင်ပေမယ့် ကြံ့ကြာနေခဲ့တာပါ အခုတော့ တွေ့ပြီပေါ့ဗျာ

วันจันทร์ที่ 2 มีนาคม พ.ศ. 2558

Play Store ကိုမြန်မာနိုင်ငံကနေပြီး ကိုယ်ကြိုက်တဲ့ application ကို ကျော်ခွစရာမလိုပဲ ဒေါင်းလို့ရအောင်လုပ်နည်း


မြန်မာနိုင်ငံကနေပြီး Google Play store ထဲကိုဝင်လိုက်ရင် ဒေါင်းလို့မရတဲ့ application ကခပ်များများ ဖြစ်နေတယ် အဆုံးဆုံးကတော့ လူသုံးများတဲ့ facebook, Clash of clans လိုဂိမ်းတွေတောင် ပေးမဒေါင်းဘူး ဒီလိုမျိုးပြဿနာတွေကို မဖြစ်အောင်
This item is not available in your country
ဆိုတာမျိုးမဖြစ်အောင်လုပ်နည်းပါ..

วันอาทิตย์ที่ 1 มีนาคม พ.ศ. 2558

The Guide to Basic HTML မြန်မာလို




ဒီတစ်ခါတော့ ဘလော့ဂါများအတွက် ရည်ရွယ်ပြီး basic html လမ်းညွှန်ချက်လေးကို တင်ပေးလိုက်ပါတယ်။ အခြေခံအဆင့်ဖြစ်သည့် အတွက် စပြီးလေ့လာသူများအတွက်တော့ အဆင်ပြေမှုရှိပါတယ်။ မြန်မာလို ရှင်းပြထားတဲ့အတွက် ပိုပြီး နားလည်ရှင်းလင်းမှုလည်း ဖြစ်ပါတယ်။ အခြေခံဆိုသည့်အတိုင်း အခြေခံ သဘောတရားများသာ ရှင်းပြထားတာဖြစ်ပါတယ်။ အားလုံးကို မြန်မာလို ရှင်းပြထားတဲ့အတွက်ရော.. နမူနာ ရေးထားတဲ့ sample html တွေရော ပါတဲ့အတွက် လေ့လာနိုင်အောင် မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။

วันเสาร์ที่ 21 กุมภาพันธ์ พ.ศ. 2558

ကွန်ပျူတာမှာ Window Explorer has stopped working ကို ဖြေရှင်းနည်း


Bookmark and Share [ ] [ ]



မင်္ဂလာပါ
ကျွန်တော် ခုတင်ပြမယ့် အကြောင်း အရာလေး ကတော့ ကွန်ပျူတာ သမား တော်တော် များများ
သိထားနှင့် ပြီးသော အကြောင်း အရာဘဲ ဖြစ်ပါလိမ့်မယ်.. ဒါပေမယ့် မသိသေးသော USER များ
အတွက် ရည်ရွယ်ပြီး တင်ပြလိုက်ခြင်း ဖြစ်ပါတယ်.. ။

ဒါကတော့.. ကွန်ပျူတာမှာ တခါ တခါ Window Explorer has stopped working ဆိုတဲ့ ဘောက်
တခု ကျလာပြီး တော်တော်နဲ့ အဆုံး မသတ်နိုင် ဖြစ်တတ်ပါတယ်.. ဒါကလည်း မသိခင် ကတော့
တော်တော် စိတ်ပျက် စေတဲ့ Error တခုလို့ ထင်မြင် ယူဆ မိခဲ့ပါတယ် ... ဒါပေမယ့် သည် နည်း
လေးကို ကျွန်တော် အဆင်ပြေ သွားစေတဲ့ ဖြေရှင်းနည်းလေး တစ်ခု ခုလို တင်ပြလိုက် ရခြင်း ဖြစ်
ပါတယ်..

Windows 8,8.1 ဆိုင်ရာ-Explorer.EXE ပြသနာ အလွယ် တကူ ဖြေရှင်းနည်း


Bookmark and Share [ ] [ ]



မင်္ဂလာပါ
ကျနော် ဒီပိုစ့်လေးကို ရေးတင် ပေးချင်နေတာ ကြာပါပြီ အချိန် မရသေး တာနဲ့ မရေး ဖြစ်တာပါ
ဒီနေ့တော့ စိတ်အမောတွေ အားလုံး ရှင်းသွား အောင်တင်ပေး လိုက်ပါပြီခင်ဗျား...

ပုံမှာ မြင်နေရတဲ့ အတိုင်းပါပဲ Explorer.exe နဲ့ဆိုင်တဲ့ ပြသနာ တစ်ခုပါ အခု နောက်ပိုင်း ဖြစ်လေ့
ဖြစ်ထ ရှိလာတာက Windows 8,8.1 တင်ပြီး အသုံးပြု နေကြတဲ့ ဘော်ဒါတွေ မှာပါ၊ ကျနော် အ
ပါ အ၀င်ပေါ့

ဒီနေ့ပဲ မနက်လင်းလို့ ကွန်ပျူ တာ ဖွင့်လိုက် တာနဲ့ အပေါ်က ပုံလေး အတိုင်း လာပေါ်နေတော့
ကျနော် မျက်လုံးတောင် မယုံမိဘူး ဖြစ်သွားတယ်။ လွယ်ပါတယ် ကျနော် ချက်ရှင်းပဲ သတိတာနဲ့
ဖြေရှင်းလိုက်ပါတယ် %100% အဆင်ပြေပါတယ်။

วันพุธที่ 18 กุมภาพันธ์ พ.ศ. 2558

Microsoft Office Professional Plus 2010 ( full version )



21 Jul 12, 09:07 PM
thuyein: အစ်ကိုခင်ဗျား ကျွန်တော့်မှာ ရှိတဲ့ MS Office 2010 full version ကို တင်ပေးလိုက်ပါပြီ..။ ဒီကောင်ကို ကျွန်တော် အရင်ပေးထားတဲ့ E-Z Activator နဲ့ Product key နဲ့ activate လုပ်တာ ရပါတယ်ခင်ဗျား..။ activate လုပ်နေရင် online ချိတ်ထားဖို့ ပြောပေးပါခင်ဗျား..။ ပြီးရင် Microsoft Netframe 4.0 ရှိရမယ်လို့ ပြောပါတယ်...။ ကျွန်တော်က ရှိပြီးသားမိုလို့ ထည့်မထားပါခင်ဗျား..။  ကျန်တာအကုန်အဆင်ပြေပါတယ်..။ product key မှာ အပေါ်က key နဲ့တင် အဆင်ပြေသွားပါတယ်ခင်ဗျား..။ အပိုင်း 19 ပိုင်းပါ..။
ကျနော့်မှာ ရှိတဲ့ Microsoft Office 2010 က 4GB ကျော်ရှိပါတယ်..။ ဒါကြောင့် မတင်ပေးတာပါ..။ အခု ကိုthuyein တင်ပေးလိုက်တဲ့  MS Office 2010 က 700 MB ဆိုတော့ ဒေါင်းယူရတဲ့ လူအတွက်လည်း အဆင်ပြေမှာပါ..။ အားလုံးအတွက် လုပ်ပေးတဲ့ ကိုthuyein ကို ကျေးဇူးတင်ပါတယ်..။ တခုလိုတာက ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေကို ခွဲတာလည်း ဆိုတာ မသိရတာပါ..။ ဥပမာ Hjsplit ဆော့ဝဲလ်နဲ့ ဖိုင်ခွဲတာဆိုရင် Hjsplit ဆော့ဝဲလ်နဲ့ ပြန်ပေါင်းမှ ရတာပါ..။ ဒါကြောင့် ဘယ်ဆော့ဝဲလ်နဲ့ ဖိုင်တွေခွဲခဲ့တာလည်း ဆိုတာ.. ကိုthuyein ဒီပိုစ့်ကို ဖတ်မိရင် အကြောင်းပြန်ပေးပါ..။ တချို့ဆော့ဝဲလ်တွေတော့ ရှိပါတယ်..။ ဖိုင်တွေပြန်ပေါင်းတဲ့ အခါကျရင် Part-01 ကို ဖြည်ချလိုက်ရင် အားလုံးတန်းစီပြီး ပြေကျသွားပါတယ်..။ အဲလိုမျိုးဆိုရင်တော့ ဖိုင်ခွဲခဲ့တုန်းက အသုံးပြုခဲ့တဲ့ ဆော့ဝဲလ်ကို ပြန်သုံးဖို့ မလိုတော့ပါဘူး..။